ရန်ကုန်၊ ဧပြီ ၁၀
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” ၁ ဦးသေတယ်လို့တော့ သိရတယ်။ ၃ ဦး ပြင်းထန် ဒဏ်ရာရတယ်။ ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို ကျဲချတာ မိန်းကလေး ၁ ဦးက ပျောက်ဆုံးနေတယ်လို့တော့ ပြောပေမယ့် သေဆုံးတယ်လို့ပဲထင်တယ်။ လေကြောင်း တိုက်ခိုက်တဲ့ နေရာမှာ အသားစတွေ တွေ့တာ သူလို့ပဲထင်တယ်။ အခုထိတော့ ရှာနေတုန်း သေချာမသိရသေးဘူး။ မိန်းကလေးက အသက် ၁၄ နှစ်လို့ သိရတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








