မြင်းမူမြို့နယ်၊ အလက္ကပ္ပရွာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ အလက္ကပ္ပကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး Myinmu Civil Revolution Force – မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၈ ရက်နေ့ ည ၈ နာရီခန့်အချိန် မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာ ရွာအလယ်စျေးအနီးရှိ ကိုးဆူ ဘုရား၌ ဘန်ကာများတည်ဆောက်ပြီး အင်အား ၂၀ ဝန်းကျင်ဖြင့် အထိုင်ချ တပ်စွဲကာ လမ်းသွား လမ်းပြည်သူများနှင့် ကားများကို အတင်းအဓမ္မ ငွေညှစ် ၊ ဆက်ကြေးကောက်ကာ စစ်ကောင်စီ တပ်သားများကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များပူးပေါင်းကာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ၅ မိနစ်ခန့်သာ ပြန်လည် ခုခံတိုက် ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာတွေနဲ့ ထွက်ပြေးသွားတာတွေတော့ မြင်လိုက်တယ်။ သိမ်းဆည်းရရှိတာက စာရင်းစာအုပ်အချို့ရယ်၊ အသုံးအဆောင်တွေရယ်ပါ။ ဘန်ကာ ၅ ခုလုံးကိုတော့ ဖျက်ဆီးခဲ့ပါတယ်။” ဟု Myinmu Civil Revolution Force – မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအလက္ကပ္ပကျေးရွာသည် မုံရွာမြို့ နှင့် မန္တလေးမြို့ကိုဆက်သွယ်ထားသော မုံရွာ -မန္တလေး ကား လမ်းမပေါ်တွင်တည်ရှိပြီး ရွာ၏အရှေ့ဘက် ၁ မိုင်အကျော် နှင့် အနောက်ဘက် ၁ မိုင် အကျော် တို့ တွင် စစ်တပ် အထိုင်စခန်းများရှိခြင်းနှင့် ညအမှောင်ထုကြောင့် ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သား များနောက်သို့ လိုက်လံရှင်း လင်း ခြင်း မပြုဘဲ ဘန်ကာများကို မီးရှို့ဖျက်ဆီးကာ ပြန်လည် ဆုတ်ခွာခဲ့ကြာင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်ကွပ်ကဲရေးမှူး၏ ညွှန်ကြားမှုဖြင့် မြင်းမူမြို့ပြတော်လှန်ရေး အ ဖွဲ့(M.C.R.F) ၊ စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံ ရေး အဖွဲ့ (စစ်ကိုင်းခရိုင် ပ.လ.ဖ) ၊ မြင်းမူမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ (မြင်းမူ ပ.လ.ဖ) ၊ မြင်းမူမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းမူ ပ.က.ဖ) ၊ Black Eagle Defense Force MMU ၊ တောချောင်းဦး တိုက်နယ် ပ.က.ဖ ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ် ဖွဲ့ (M.L.G.F) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်သားများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၂ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ရဟန်းရှင်လူပြည်သူများ ငလျင်ဘေးဒုက္ခကို အကြီးအကျယ် ခံစား နေရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက ကူညီကယ်ဆယ်မှုများပိုမိုပြုလုပ်နိုင်ရန် ယာယီအပစ် အ ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဝေဟင်မှ သော် လည်းကောင်း ၊ မြေပြင်မှသော်လည်းကောင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လျက် ရှိသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ယခု စစ်ကောင်စီတပ်စခန်းသည်လည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည်ကို အခွင့် ကောင်းယူကာ စစ်ကြောင်းထိုးဝင်ရောက်၍ ဘန်ကာများ တည်ဆောက်ကာ တပ်စွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
