29 C
Yangon

စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မပါဝင်ရန်၊ မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး

Must read

ရန်ကုန်| ဧပြီ ၁၄

အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများအနေဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေးထားသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ချင်းပြည်သူများကိုကြိုတင်သတိပေးအပ်သည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပရန် ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်အတွင်း လုံးဝ ကျင်း ပနိုင်မည် မဟုတ်၍ ချင်းပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့ခြင်းများ မလုပ်ဆောင်ကြရန် ICNCC က သတိပေးထားခြင်းဖြစ်သည်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့သည် ချင်းညီနောင်အဖွဲ့ CB နှင့် နိုင်ငံရေး၊ စစ်ရေးတွင် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့ဖြစ်သည်။

ချင်းညီနောင်အဖွဲ့ CB က အာဏာသိမ်း စစ်ကောင်စီထံမှ ချင်းပြည်အတွင်း ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက် လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ICNCC က ဆိုသည်။

နောက်ထပ်လည်း ချင်းပြည်အတွင်း မြို့သိမ်းတိုက်ပွဲများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်သဖြင့် ချင်းပြည်တစ်ခွင်လုံး စစ်အာဏာရှင် ကျဆုံး၍ ချင်းတစ်ပြည်လုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ICNCC က ပြောသည်။

ICNCC က ရေးဆွဲနေသော ချင်းချာတာ မူကြမ်းကိုလည်း မကြာသော ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြု ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ချင်းလူမျိုးအားလုံး လူ့သမိုင်းတစ်လျှောက်တွင် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများဖြစ်ပြီး ဘုံရန်သူ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြသည့် အချိန်ဖြစ်၍ ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များကြား အငြင်းဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း အထူးတိုက်တွန်းကြောင်း ICNCC က ပြောသည်။

တော်လှန်ရေးအင်အားစုများ အချင်းချင်းကြားဖြစ်ပွားသော မည်သည့် အငြင်းပွားမှုကိုမဆို မိတ်ဖက် ပဋိပက္ခများအဖြစ်မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဟု ICNCC က တိုက် တွန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်ရှုံးနေချိန် သွေးရူးသွေးတန်းဖြင့် လုပ်ဆောင်နေသည့် နိုင်ငံအနှံ့ လေယာဉ်ဗုံးကြဲခြင်းကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးများအတွက် ရှုတ်ချကြောင်းလည်း ICNCC က ဆိုသည်။

ကျန်ရှိနေသေးသည့် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သဘောထား ထုတ်ပြန် ပြောဆိုထားသည်။

ဓာတ်ပုံ – ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)တွင် ပါဝင်သည့် ချင်းညီနောင်အဖွဲ့၏ မတူပီမြို့သိမ်းတိုက်ပွဲမှ ရရှိသည့် လေယာဉ်ပစ်လက်နက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)တွင် ပါဝင်သည့် ချင်းညီနောင်အဖွဲ့၏ မတူပီမြို့သိမ်းတိုက်ပွဲမှ ရရှိသည့် လေယာဉ်ပစ်လက်နက်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article