27 C
Yangon

သင်္ကြန်အတက်နေ့ ကျုံဒိုးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေပြီး စစ်ဘေးရှောင် ကားတစ်စီးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်ကောင်စီတပ်၏ ခမရ ၅၄၅ နှင့် ခမရ ၅၄၆ က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးကြောင်း၊ ထိုအထဲမှာ လင်မယား ၂ ဦး၏ အလောင်းကို ပြန်လည်ရရှိထားပြီး ကျန်အလောင်းများကို မသယ်ထုတ်နိုင်သေးကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်ဖို့ ပြင်နေတဲ့ ကားပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာ။ သေဆုံးသူတွေက ဟိန္ဒူဘာသာဝင်တွေပါ။ နာမည်က မြန်မာလို ကိုဂဏန်းလို့ပဲ ခေါ်တာ။ သူတို့ လင်မယား ၂ ဦးရဲ့အလောင်းပြန်ရတယ်။ သေတာက ၁၀ ဦးပါ။ အလောင်းပြန်ထုတ်လို့ရတာက လင်မယား ၂ ဦး အလောင်းပဲ။ အမျိုးသမီးက ကိုယ်ဝန် အရင့်အမာနဲ့။ အကုန်လုံးတော့ ပြေးလွှားနေရတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူက ပြောဆိုသည်။

ထို့ပြင် ယနေ့ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကာင်စီတပ်က ကရင်ပြည်နယ်ကော့ကရိတ်၊ကျုံဒိုးဒေသကျေးရွာများသို့ ဂျက်တိုက်လေယာဉ်၊ Y12ဗုံးကျဲလေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

” အခုမနက် ၇နာရီနဲ့ မနက် ၈နာရီ အကြား။ ကျုံဒိုး၊ ကော့ဝါလဲ၊ သာယာကုန်း၊ နွားခြံကုန်းဘက်ကို ဂျက်နဲ့ လာပစ်တယ်။ ၂ ကြိမ် ဗုံးကျဲချတယ်။ ကော့ကရိတ် မှာ က လှိုင်စိမ်း၊ရန်ကုတ်၊မိချောင်းအင်းဘက်ကိုလည်း Y12 လေ ယာဉ် နဲ့ ၃ကြိမ် ဗုံးလာကျဲတယ်။ ဗုံး ၁၅ လုံး လောက် ကျပေါက်ကွဲတယ်။ လောလောဆယ်က နေအိမ်တွေခြံတွေထဲ ဗုံးတွေကျတယ်။ လူထိတာတော့အခြေအနေမသိ သေးဘူး” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ ကျုံဒိုးမြို့ ၊ ငါးတိုင်ကျေးရွာအနီးတစ်ဝိုက်နှင့် ကော့ကရိတ် စကခ၁၂အနီး ရင်ကွဲတောင်နေရာများ တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ အလွန်ပြင်းထန်နေကြောင်း သိရှိရသည်။

” မနေ့ကတည်းက တိုက်ပွဲက ပြင်းထန်နေတာ။ ရင်ကွဲတောင်နဲ့ ငါးတိုင်ဘက်မှာ ကိုယ့်ဘက်ကကျတာ၊ ထိတာရှိနေတယ်။ သူတို့ စကစဘက်ကတော့ စစ်သားသစ်တွေဆိုတော့ ထိတာသေတာများနေလို့လေယာဉ်နဲ့ပါလာပစ်ချ နေတယ်၊ ဒီမနက်အထိ ပစ်နေတုန်းပဲ ” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ ကျုံဒိုးအခြေစိုက်ခမရ ၅၄၅ နှင့် ခမရ ၅၄၆ တပ်ရင်း ၂ ခုက စစ်သား အင်အားနှင့် လက်နက်ခဲယမ်းအင်အားဖြည့်တင်းနေပြီး ကော့ကရိတ်ဘက်သို့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းထွက်ရန်လက်နက်ကြီးများ ကြိုတင်ပစ်ခတ်နေကြောင်း၊ ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ် ကလည်း မြဝတီ-အာရှ လမ်းနှင့်ဒေါန တောင်လမ်းဟောင်းဘက်သို့စစ်ကြောင်းထွက်ရန် လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article