ဒီကနေ့ ဧပြီ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာပြည်သူများကို ငလျင်ဘေးသင့်ချိန်နှင့် သင်္ကြန်နှစ်သစ်ကူးကာလပါ မကျန် ဗုံးကျဲသတ်ဖြတ်နေတဲ့ မင်းအောင်လှိုင် ဟာ လူထုကို ကိုယ်စားမပြုလို့ အာဆီယံက တွေ့ဆုံမယ့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ချင်းအမျိုးသားတပ်ဦး CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ အကြမ်း ဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ် အရွယ် ကလေး ၁ ဦး ပါအဝင် ပြည်သူ ၄ ဦးသေဆုံးတယ်လို့ ပြည်သူ့ အစေခံတော်လှန် ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မန္တလေးမှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးကို ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးမယ်လို့ ကမ်းလှမ်းပေမယ့် ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံဘူးလို့ ကာယကံရှင် ကိုယ်တိုင်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
