30 C
Yangon

ကျွန်းစုမြို့နယ်၊ ပဲတိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ကျွန်းစုမြို့နယ်၊ ပဲတိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဧပြီ ၁၇

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲတိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀ ဦးခန့်ရှိသော ပဲတိုင်ရွာ ပျူစောထီး အထိုင်စခန်းကို ကျွန်းစုမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တိုက်ပွဲအတွင်း ပျူစောထီးများက ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သိမ်တောင်မှာ ပျူစောထီးတွေ တပ်စွဲပြီးနေတာ စစ်ခွေးသေစာရင်းကတော့ အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ အဲစခန်းမှာ စစ်ခွေး အင်အားကတော့ အားလုံးပေါင်းရင်တော့ ၂၀ ကျော်လောက်ရှိတယ်။ အခုဝင်တိုက်တဲ့ စခန်းက အင်အား ၁၀ ဦးကျော်လောက်ရှိတယ်။ သူတို့က နှစ်နေရာ သုံးနေရာခွဲနေတာ” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article