26.8 C
Yangon

ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးသွားသော စစ်ဘေးရှောင်ဒုက္ခသည်များ အိမ်ပြန်ကြပြီ

Must read

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ ၇ နယ် မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးသွားသော စစ်ဘေးရှောင်ဒုက္ခသည်များ အိမ်ပြန်ကြပြီဖြစ်ကြောင်း ထိုင်းအခြေစိုက် မဲဆောက် သတင်းမီဒီယာက သတင်းဖော်ပြသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်ခဲ့သော မော်ဖားသူးစစ်စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ဘေးရှောင် ပြည်သူများမှာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ယနေ့တွင် အိမ်ပြန်ကြပြီဖြစ်ကြောင်း သိရှိရသည်။

KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း ၊ဧပြီ လ ၁၈ ရက်နေ့မှစတင်၍ ယင်းစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့ ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသည် ထိုင်း-မြန်မာနယ်စပ်နှင့် ကပ်လျက်ရှု ပြီး နယ်စပ်ဖြတ်သန်းသွားလာမှုများ ကို စောင့်ကြည့်နေသည့် စစ်တပ်စခန်းတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

မော်ဖားသူးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအများအပြားကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

ဧပြီလ ၁၈ ရက်နေ့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်အပိုင် မော်ဖားသူးကျေး ရွာတွင် တပ်စွဲထားသည့် စစ်ကောင် စီ တပ်စခန်းကုန်းကို KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက် အခြမ်းသို့ စစ်ဘေးရှောင် ပြည်သူ ၂၁၅ ဦးထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၇ နယ်မြေအတွင်း တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က လုံခြုံ ရေး တိုးမြှင့်ချထားကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article