ရန်ကုန်၊ ဧပြီ ၂၃
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူထားကြောင်း အင်းတော်မြို့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများနှင့် တော်လှန်ရေးသမားများ၏ မိသားစုများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ထား သူ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ် တပ်ဒေါက်တိုင် ၃၀ ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း ၊ ဖမ်းဆီးထားသူများမှာ PDF တပ်ဖွဲ့ဝင် မိသားစုဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်အပြင် တော်လှန်ရေးသမားများကို ဖမ်းဆီးထောင်ချရာတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရှိရသည်။
“ဖမ်းမိတာက မြို့သိမ်းတိုက်ပွဲဖြစ်တဲ့နေ့ကလည်းက ဖမ်းမိတာမှန်ပါတယ်။ အခုသူတို့ကိုတော့ တိုင်း ကိုလွှဲပို့ပေးထားတယ်။ ပျူစောထီးတွေ၊ SNA တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ် ရေးမှူးတွေပေါ့၊ မြို့နယ်မှူး မောင်လှတင့်ဆိုတာက တော်တော်ဆိုးတယ်၊ အရက်မူးလာရင် တစ်မြို့ လုံး သေနတ်ဖောက်ပြီး ပတ်ရမ်းတဲ့သူ၊ ဖမ်းမိတဲ့သူတွေက ဒေသခံတွေဆိုတော့ ဘယ်သူက ဘာ လုပ်တယ်ဆိုတာ သိနေတာပေါ့၊ သိနေတော့ စစ်တပ်ကို သတင်းပေးပြီး ဖမ်းခိုင်းတာ၊ ပြီးတော့ ဒေသခံ ပျူ စောထီးတွေဆိုရင် သူတို့ကိုယ်တိုင် သတ်ဖြတ်တာမှာ ပါဝင်ကျူးလွန်တဲ့သူတွေပါ ” ဟု အင်းတော်မြို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖမ်းဆီးရရှိသူများတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ အင်းတော်မြို့နယ်၊ နတ်မ ဟုတ်ကြီးကျေးရွာနေ PDF မိသားစုဝင် အမျိုသား ၈ ဦးကို အစု လိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ ပျူစောထီးခေါင်း ဆောင် တင့်ဇော်ဝင်း၊ အင်းတော်မြို့နေ ပြည်သူများကို ဖမ်းဆီးထောင်ချရာတွင် ဦးဆောင်သူ မြို့နယ်မှူး လှတင့်၊ ပျူစောထီးခေါင်းဆောင် အောင်မြင့်နိုင်၊ ပျူစောထီးအဖွဲ့ဝင် အောင်းကုန်းရွာသား အောင်ဝင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များ စတင်ခဲ့ရာ ၈ လခန့်အကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ အင်းတော်မြို့သိမ်း တိုက်ပွဲအတွင်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအပါအဝင် စစ်သုံ့ပန်း ၁၈၀ ကျော်ကို ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
