ရန်ကုန်၊ ဧပြီ ၂၄
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စု၊အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအရာရှိ Sean O’Neill က ပြောဆိုလိုက်သည်။
ဧပြီလ ၂၂ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ မြန်မာနိုင်ငံ အမှန်တကယ် ဒီမိုကရေစီလမ်း ကြောင်းသို့ လွယ်ကူချောမွေ့စွာ ပြန်လည်ရောက်ရှိရေး အာဆီယံနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို စစ်တပ်က ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူအားလုံးထံသို့ အဟန့် အတားမရှိ ဝင်ရောက်ကူညီခွင့်ပြုရန် စစ်ကောင်စီထံသို့ အမေရိကန်က တောင်းဆိုသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြေကွဲကြောင်း ၊ ပြန်လည်ထူထောင်ရေးကာလရှည်လျားသောကာလများအတွင်း အမေရိကန်ပြည်ထောင်စုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော စစ်အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချ ကန့်ကွက်ခြင်းများကိုသာ အစဉ်တစိုက် အမြဲလိုလို လုပ်ဆောင်လျက်ရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
