ရန်ကုန်၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်တွင်း စစ်တပ် အထိုင်စခန်းမှ အပြင်ထွက်လာသော စစ်တပ် ဗိုလ်ကြီးနှင့် တပ် သားတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိကြောင်း ပြည်သူ့လူမိုက်(Local PDF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မုံရွာမြို့နယ် စက်တွင်းအထိုင်စခန်းမှ ဆိုင်ကယ်တစ်စီး ဖြင့်ထွက်လာသော စစ်တပ်ဗိုလ်ကြီး နှင့် တပ်သားတို့ကို တော်လှန်ရေးတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်တပ်ဗိုလ်ကြီးနှင့် တပ်သားတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ထံမှ MA 11 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ဗိုလ်ကြီးနှင့်တပ်သားမှာ မုံရွာမြို့နယ်အတွင်း ကျေးရွာများကို လိုက်လံ ဖျက်ဆီးမီးရှို့နေသော စစ်ကြောင်းမှ ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
