By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း သွင်းကုန်တွေ တင်သွင်းမှုကို လုံး၀ ထိန်းချုပ် လိုက်ပြီးတဲ့နောက် ဘိလပ်မြေ၊ သံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနဲ့ ကားတင်သွင်းခွင့် ပါမစ်တွေကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ သမီးခင်သီရိသက်မွန် နဲ့ မိတ်ဘက် စီးပွားရေးသမားတွေက အခွင့်ထူးခံရရှိပြီး ပါမစ်တွေကို ပြန်ရောင်းနေတဲ့ သီးသန့် အရောင်းအဝယ်စျေးကွက်ကြီး ဖြစ်ထွန်း နေတယ်လို့ UMFCCI ရဲ့ စီးပွားရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက သူတို့ကိုယ်တိုင် ဒုတိယအကြိမ် ၇ ရက် အပစ်ရပ်ကြေညာ ပြီးတဲ့ နောက်မှာပဲ ကချင်ပြည်နယ်က မိုးညှင်းနဲ့ဗန်းမော်ဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှု တွေကြီးကျယ် လုပ်နေသလို ၊ ဖားကန့်ဘက်မှာလည်း အလုံးရင်းနဲ့ စစ်ကြောင်းထိုးလာပြန်တယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် မြန်မာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့ အမေရိကန်က ထပ်ပြောလိုက်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
