36 C
Yangon

AA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံနေ

Must read

ရန်ကုန်၊ ဧပြီ ၂၅

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းသို့ AA ၊ PDF ပူးပေါင်းတပ်များ ထိုးဖောက်ဝင်ရောက်လာနေ၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အုပ် ချုပ်ရေးမှူးများ တိမ်းရှောင်ခြင်းနှင့် စစ်တပ်စခန်းများထံတွင် သွားရောက်ခိုလှုံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ဝါးတောကွင်းကျေးရွာ၊ တောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ဟင်္သတမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း၊ အခြားသော ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများမှာမူ စစ်တပ်က တားဆီးထား၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုသော်လည်း စစ်တပ်အထိုင်စခန်းများတွင်သာ သွားရောက် အိပ်စက်နေ ထိုင်ကြကြောင်း သိရှိရသည်။

“တောင်ရွာ အုပ်ကြီး ဇော်ဇော်မင်းနဲ့ ရာအိမ်၊ ဆယ်အိမ်းမှူးတွေ အကုန် ဟင်္သာ တမြို့ပေါ် ထွက်ပြေးကုန်ပြီ။ ဝါးတောကွင်းတိုက်ပွဲဖြစ်တော့ ထွက်ပြေးကြတာ။ ပန်းတောကြီးနဲ့ ဝါးတောကွင်းရွာက အုပ်ကြီးတွေလည်း အကုန်ပြေးကုန်ကြပြီ။ အခြားရွာတွေမှာ စစ်တပ်က ဝင်ပြီးတော့ အထိုင်စခန်း တပ်စွဲထားတော့ အုပ်ကြီးတွေ ပြေးမရဘူး။ ဥပမာဆိုရင် ငဝန်တံတားအဆင်းက ရွှေသစ်စုရွာမှာဆိုရင် စစ်တပ်က တပ်စွဲထားတယ်။ အုပ်ကြီးတွေက စစ်တပ်အထိုင်စခန်းထဲမှာ သွားနေကြတယ်။ အဲဒီလိုပဲ ဒေါင့်ကွေး၊ နင်းကြမ်း၊ ခတ္တူ၊ ဆီဆုံကျေးရွာတွေမှာလည်း အုပ်ကြီးတွေက စစ်တပ်ကို ထောက်ပံ့ကူညီပေးနေတယ်။ တုန်းတော၊ ကညင်တိုင်းက အုပ်ကြီးတွေလည်း တပ်ကို ကူညီပေးနေတယ်” ဟု လေးမျက် နှာ မြို့နယ်မှ တော်လှန်ရေး ကင်းထောက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

လေးမျက်နှာမြို့နယ်၊ ရွှေသစ်စုကျေးရွာမှ လက်နက်ကိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်နိုင်က ကျေးရွာနေ ပြည်သူများကို အလှည့်ကျ ထမင်းနှင့် ဟင်းများ အတင်းအကျပ် ချက်ခိုင်း၍ စစ်တပ်ထံသို့ ပို့ဆောင်ခိုင်းနေကြောင်း သိရသည်။

စစ်တပ်က လေးမျက်နှာမြို့နယ် အတွင်းရှိ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းကျေးရွာ၊ ဇီးပင်ကွင်းကျေးရွာ၊ ဝတ်ကုန်းကျေးရွာအုပ်စုရှိ ဝတ်ကုန်းရွာ၊ လဲခုံလေးရွာ၊ လဲခုံကြီးရွာ၊ စက်စက်ယိုရွာ၊ ချင်းလယ်ရွာနှင့် စန်းကုန်းရွာတို့တွင် လုံခြုံရေး တင်းကျပ်နေပြီး ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်များ၊ လူစိမ်းများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article