28 C
Yangon

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် ရခိုင်ပြည်မှ မြို့နယ် ၅ ခုကို စစ်ရေးအရ ၄၀၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ အဆောက်အအုံ ၂၄ ခု ပျက်စီး

Must read

🟥ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

အကြမ်းဖက်စစ်ကောင်စီက အမည်ခံ အပစ်အခတ်ရပ်စဲရေး ကြေညာပြီး ရခိုင်ပြည်မှ မြို့နယ် ၅ ခုကို စစ်ရေးအရ ၄၀၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ အဆောက်အအုံ ၂၄ ခု ပျက်စီးသွားကြောင်း လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ယမန်နေ့ သတင်းထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ပထမအကြိမ် အပစ်ရပ်ခြင်း၊ ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ဒုတိယအကြိမ် အပစ်ရပ်ခြင်းများကို ကြေညာခဲ့ကြောင်း၊ သို့ရာတွင် ရခိုင်ပြည်၊ မြို့နယ် ၅ ခုကို စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်က အပစ်ရပ်ကြေညာမှုကို လေးစားလိုက်နာခြင်းမရှိဘဲ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနှင့်ပေါက်တောမြို့နယ်တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ အပစ်ရပ်ကြေညာမှုကို ချိုးဖောက်သော တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိကြောင်း၊ ယင်းအထဲတွင် ၅ ဦးမှာ အသက် ၅ နှစ်မှ အသက် ၁၄ နှစ်အကြား ကလေးငယ်များ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် အိမ် ၂၁ လုံး၊ ဆိုင် ၂ ခုနှင့် ဘာသာရေးအဆောက်အအုံ ၁ ခု အပါအဝင် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးကြောင်း သိရှိရသည်။

စစ်ကောင်စီက အရပ်သား ပြည်သူ အပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းတိုက်ခိုက်ခြင်း၊ စက်တပ်လေထီးများဖြင့် တိုက် ခိုက်ခြင်း၊ ရေတပ်သင်္ဘောက ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် နိုင်ငံတကာ လူ သားချင်းစာနာ ထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း HDCO ထောက်ပြထားသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ကျောက်ဖြူမြိုနယ်အတွင်း အသေခံဒရုန်းဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၁ ဦးသေဆုံးပြီး အခြားပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း Arakan Princess Media က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – APM။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article