ရန်ကုန်၊ ဧပြီ ၂၅
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း ညောင်ဦးမြို့နယ်ပကဖ -Yan Gyi Aung PDF မှ ကိုပြူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၁ ရက်နေ့ ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ကျေးရွာ၊ ကြအိုကျေးရွာ တို့ကို အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်သား၊ ပျူစောထီး၊ ရဲ ပူးပေါင်း အင်အား ၇၀ ခန့်က တင့်ကား ၄ စီး၊ စစ် ကား ၃ စီးတို့နှင့်အတူ တပြိုင်နက်တည်းဝင်ရောက်ကာ ပြည် သူပိုင်ပစ္စည်းများကို ခိုးယူပြီးနေအိမ် ၇ လုံးကို မီးရှို့ သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းက ကျေးရွာတွင် ၂ ရက်နေပြီး ဧပြီလ ၂၂ ရက်နေ့တွင် မြေသန့်တောင်ကျေး ရွာအတွင်းမှ နေအိမ် ၁ လုံး၊ ဧပြီလ ၂၃ ရက်နေ့တွင် မြေသန့်တောင်ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ကြအိုရွာမှ နေ အိမ် ၁ လုံး စုစုပေါင်းနေအိမ် ၇ လုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း၊ ပြည်သူ ပိုင်စ္စည်းများဖြစ်သည့် ရွှေ၊ ငွေတန်ဖိုးရှိပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများ နှင့်နွားများကိုပါ ကား ပေါ်တင်၍ သယ်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။
“နွားတွေ၊ ဝက်တွေပါ ကားတွေနဲ့သယ်သွားတာ၊ ကားတစ်စီးအပြည့်ပဲ၊ အိမ်ထောင်ပရိဘောဂတွေ၊ တန်ဖိုးရှိ တွေအကုန်ယူတယ်။ ဧပြီလ ၂၃ ရက် မနက် ၈ နာရီလောက်မှ ညောင်ဦးမြို့ပေါ်ကို ပြန် ဆုတ်သွားတာ၊ ပစ္စည်းတွေကတော့ ခွေးတွေ သယ်လို့ ကုန်ပြီ။ ပြည်သူတွေလည်းရှောင်နေကြရ တယ်၊ ကျောက်ပြင်ကန်၊ မီးလောင်ဖျား၊ မြေသန့်တောင်၊ ကြအိုအဲဒီရွာတွေက ပြည်သူတွေရှောင် နေကြရတာ” ဟု ညောင်ဦးမြို့နယ်ပကဖမှ ကိုပြူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြေသန့်တောင်ကျေးရွာအနီး ၁ ကြိမ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ပြည်သူပိုင်ပစ္စည်းများ သယ်ယူနေချိန်၌ ၂ ကြိမ်၊ ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကြောင်းပြန်ထွက်စဉ် ၁ ကြိမ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
