30 C
Yangon

ကျောက်ပန်းတောင်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင် ကို တော်လှန်ရေး တပ်ဖွဲ့က အရှင် ဖမ်းဆီးရရှိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင် ကို တော်လှန်ရေး တပ်ဖွဲ့က အရှင် ဖမ်းဆီး နိုင်သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း Popa Guerilla Force (PGF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာ၌ မင်းဘူးမြို့နယ် ခလရ ၈၈ လက်အောက်ခံ ပြည်သူ့ စစ်ခေါင်းဆောင် ဌေးနိုင်နှင့် အမျိုးသမီး ၁ ဦး လိုက်ပါလာသော ကားကို Popa Guerilla Force (PGF) တပ်ဖွဲ့က ဖရဲသီး သတင်း ပေးချက် အရ စောင့်ကြိုဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစဉ် ပြည်သူ့ စစ်ခေါင်းဆောင် ဌေးနိုင်နှင့် အမျိုးသမီး ၁ ဦးသည် ခုခံ ထွက်ပြေးရန် ကြိုးစားသောကြောင့် တော် လှန်ရေး ရဲဘော်များက ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ဖရဲသီး သတင်း အရ ကျနော်တို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာ မင်းဘူးမြို့နယ် ခလရ ၈၈ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် ဌေးနိုင် နဲ့ အမျိုးသမီးတစ်ဦးတို့ကို စောင့်ကြို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့က ခုခံ ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ် ဖမ်းဆီးတာ နေရာမှာပဲ သေဆုံးသွားတယ်” ဟု Popa Guerilla Force (PGF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ပြည်သူ့စစ်ခေါင်းဆောင် ဌေးနိုင်ထံမှ ၎င်းတို့ မောင်းနှင်လာသော ဗိုလ်မှူးမင်းဝေ၏ ကားတစ်စီးနှင့်အတူ ကာဘိုင်ကျည် ၇၉ တောင့်၊ ကျည်ဘောက် ၁ ဘောက် ၊ ဗုံးသီး ၁ လုံး၊ icon ၁ လုံး၊ ဓား ၁ ချောင်း၊ ဖုန်း ၄ လုံးနှင့် ဝန်ထမ်းကတ်၊ ဘက်တံဆိပ်နှင့်စပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိပြီး တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article