31 C
Yangon

မင်္ဂလာဒုံလေဆိပ် ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန် ၊ ဧပြီ ၂၅

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ် ရဲကင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ လေဆိပ်လမ်းသွယ်ရှိ ရဲကင်းကို ရန်ကုန်မြို့ပြပြောက်ကျား ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲကင်းသည် ပြည်သူများကို နေ့စဉ်အမျှ ဒုက္ခပေးနေသော စစ်သားနှင့် ရဲများရှိနေ၍ Dark Shadow တပ်ဖွဲ့၏ မြို့ပြပြောက်ကျား ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲ နှင့် ဒေါက်တိုင်များကို ရရာနေရာတွင် တိုက်ခိုက်သွားမည်ဖြစ်ပြီး ဆက်လက်တိုက်ခိုက်ရန် ပစ်မှတ်များလည်း ရှိကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သတ်သည့် နေရာများ၊ စစ်ကောင်စီလက် အောက်ခံ ရဲ၊ စစ်သား နှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာများကို သွားရောက် ခြင်းမပြုလုပ်ရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article