33 C
Yangon

ထီးချိုင့်မြို့နယ်၊ အရပ်ဘက်ဆေးရုံနှင့်စာသင်ကျောင်းကို ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရပ်ဘက်ဆေးရုံနှင့်စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် ထီးချိုင့်မြို့နယ်၊ အတွင်းရှိ ကျေးရွာတစ်ခုတွင် ရှိနေသော အရပ်ဘက် ဆေးရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆေးရုံတက် လူနာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီမှာ ဂျက်တိုက်လေယာဉ်နဲ့ ထီးချိုင့်မြို့နယ်‌အတွင်းမှာရှိတဲ့ အရပ်ဘက်ဆေးရုံကို ဗုံး ၂ လုံးကျဲချတယ်။ ဆေးရုံတက်နေတဲ့ လူနာ ၂ ဦးထိခိုက်ပါတယ်။ ကလေး ၁ ဦးနဲ့ လူကြီး ၁ ဦး ဒဏ်ရာရပါတယ်။ ဆေးရုံပေါ် ဗုံးမကျဲခင် လေယာဉ်က ၃ ပတ်ပတ်ပြီးမှ ဗုံးကျဲချတာ။ ဒါကြောင့် လူနာတွေ ရှောင်ချိန် ရသွားတယ်။ ဆေးရုံတည်နေရာက သရက်ပင်တွေကြားရှိပေမယ့် ဒလန်သတင်းပေးထားတာကြောင့် နေရာအတိအကျနဲ့ဗုံးကျဲခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၈ မိနစ်အချိန် ထီးချိုင့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းကိုလည်း စစ်ကောင်စီက ဗုံးထပ်မံကျဲချသွားပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ အခြား ပြည်သူ ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ညပိုင်း ဗုံးထပ်ကျဲတာကတော့ အသက် ၈၀ ကျော်အဘွား၊ အသက် ၂၀ ကျော် အမျိုးသမီး ၁ ဦးနဲ့ ၁၀ နှစ်အရွယ် ကလေး ၁ ဦး စုစုပေါင်း ၃ ဦးဒဏ်ရာ ပြင်းထန်ပါတယ်။သေဆုံးတာက ၂ ဦးပါ” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂၃ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် ဗုံးကျဲတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်များနှင့် ပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article