26 C
Yangon

ရေစကြိုတွင် စစ်မှုထမ်းတပ်သားသစ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Southern YSO ODF တာဝန်ခံ ရဲဘော် အောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ ရေစကြိုမြို့၊ ခလရ ၂၅၇ မှ စစ်မှုထမ်းတပ်သား ကိုချစ်စမ်းကိုမှာ MA 1 သေနတ်ကို ယူဆောင်လာပြီး အလင်းဝင်လာကြောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ရေစကြိုမြို့ ခလရ ၂၅၆ တပ်မှ စစ်မှုတပ်သား မြင့်စိန်မှာ ၅ ဒသမ ၅၆ ကျည် ၅၀၀ ဖြင့် ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်လာကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၆ ရက်နေ့ ရေစကြိုမြို့ ၊ ခလရ ၂၅၈တပ်မှ စစ်မှုထမ်း တပ်သား ကိုစည်သူကျော်မှာလည်း လက်ပစ်ဗုံး ၂ လုံး၊ ၅ ဒသမ ၅၅ ကျည်ဘောက် ၃ဘောက်၊ ၅ ဒသမ ၅၆ ကျည် ၁၀၂ တို့ဖြင့် အလင်းဝင်လာရောက် လာကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား ရဲဘော် ၃ ဦးကို ဆုကြေးငွေအဖြစ် လက်နက်ပါသူကို ငွေကျပ် ၃၅သိန်း၊ ကျည်များ ယူဆောင်လာသူ စစ်မှုထမ်းတပ်သား ၂ ဦးကို ငွေကျပ် ၁၀သိန်းစီ ချီးမြှင့်ခဲ့ပြီး ၎င်းတို့နေထိုင်လိုသော ဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article