ရန်ကုန်၊ ဧပြီ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့်သီပေါမြို့နယ် အစပ်တွင် SSPP နှင့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားမှု နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းမည်ဖြစ်ကြောင်း SSPP က ယနေ့ သတင်းထုတ်ပြန်သည်။
ဧပြီ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့ တို့တွင် လားရှိုးနှင့်သီပေါမြို့နယ်အစပ် နမ့်မနှင့် ကုန်ပေါင်းကျေးရွာအကြား SSPP တပ်များနှင့် MNDAA တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ရေးထိတွေ့မှု ၈ နေရာ ဖြစ်ပွားခဲ့ကာ နှစ်ဖက်တပ်များ ရုန်းရင်းဆန်ခတ်ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု ၂၄ နေရာရှိခဲ့ကြောင်း၊ နှစ်ဖက်သော ရဲဘော်များ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDJP/MNDAA) ကြား နှစ်ဖက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့မှုအတွက် နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားကြမည်ဖြစ်ကြောင်း ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
နှစ်ဖွဲ့စလုံးသည် လက်တွဲဖော်တော်လှန်ရေးအဖွဲ့အစည်း များအဖြစ် နှစ်ပေါင်းဆယ်စုနှစ်နှင့်ချီ အေးအတူပူအမျှ အမှီသဟဲ ကူညီရိုင်းပင်းရပ်တည်လာခဲ့သော မဟာမိတ်အဖွဲ့အစည်းဖြစ်ခဲ့ကြသော်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစ၍ နှစ်ဖက်ရဲဘော်များကြား မကျေချမ်းမှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစ၍ SSPP အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်ဖြတ်သန်းလာခဲ့ကြသော MNDAA အောက်ခြေတပ်ဖွဲ့များနှင့် SSPP အောက်ခြေတပ်များ ၏ ဘာသာစကားပေါက်ကြားမှုအားနည်းခြင်း၊ SSPP နယ်မြေအတွင်း MNDAA တပ်ဖွဲ့များ ဖြတ်သန်းသွားလာမှုကို MNDAA ဗဟိုက တရားဝင်အကြောင်း ကြားမှု အားနည်းခြင်းတို့အပါ် နှစ်ဖက်ရဲဘော်များ မကျေချမ်းမှုများစတင်ခဲ့ခြင်းဖြစ်ကာ ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် မလိုလားအပ်သော ရုပ်ဆိုးအကျဉ်းတန်သော ထိပ်တိုက်ဖြစ်ပွားမှုများ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။
SSPP နှင့် MNDAA တို့သည် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြစ်ကြပြီး ယင်းအဖွဲ့တွင် UWSA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့လည်းပါဝင်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

