32 C
Yangon

ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုဖြစ်ပေါ်နေသဖြင့် ဘ၀လုံခြုံမှုရှိသော ပြည်တွင်းတွင်သာ အလုပ်လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မည်ဟု မင်းအောင်လှိုင် ပြောဆိုပြန်

Must read

ရန်ကုန်၊ မေ ၁

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုများဖြစ်ပေါ်နေသဖြင့် ပြည်တွင်းတွင်သာ ဘ၀လုံခြုံမှုရှိသည့် အလုပ်များ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အဖြစ် မင်းအောင်လှိုင်က ယင်းသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းထက် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရေး တို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် Job Fair များ ကျင်းပကာ One Stop Service ဖြင့် အလုပ်ခန့်နိုင်ရေး အလုပ်ရှင်များနှင့် ပူးပေါင်း စီစဉ်ပေးခြင်း၊ ထိရောက်သော အလုပ် အကိုင်ဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် Labor Exchange Management System ရေးဆွဲကာ Websiteလွှင့်တင်ပေးထားကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့၏ မိသားစုထံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ လွှဲပို့ရန်အတွက်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။

လတ်တလော စစ်ကောင်စီက ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများကို စိစစ်တင်းကျပ်လျက်ရှိရာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားခြင်း၊ OWIC ပြည်ပအလုပ်သမားသက်သေခံကတ်များ ထုတ်ပေးရာတွင် တင်း ကျပ်စိစစ်နေခြင်း၊ ပြည်ပသို့ အလုပ်သမားများ သွားရောက် အလုပ်လုပ်ရန် အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူ ခွင့်ပြုမှသာ သွားရောက်ခွင့်ပြုခြင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ရာတွင် နိုင်ငံအလိုက် တစ်လလျှင် သွားရောက် အလုပ်လုပ်ခွင့်ပြုသည့် မြန်မာအလုပ်သမားအရေအတွက် ကန့် သတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆိုကြသည်။

စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအများစုမှာ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရန် အဆင်မပြေတော့ဘဲ လုပ်ငန်းများ ရပ်နားထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article