32 C
Yangon

ရေဦးမြို့ ၊ထွန်စက်ရုံတွင်း ရောက်ရှိသော စစ်ကောင်စီ တပ်သားများကို လက်နက်ငယ်များဖြင့် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

Must read

ရန်ကုန်၊ မေ ၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ထွန်စက်ရုံတွင်း ရောက်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက် ငယ်များဖြင့် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁နာရီ ၂၇ မိနစ်ခန့်အချိန် ရေဦးမြို့ ထွန်စက်ရုံးအတွင်းရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ အင်အား ၂၅ ဦး ခန့်ကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝေးပစ် ၈၀ မမ လက်လုပ်လက် နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကြိုတင် နေရာယူထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း လက်နက်ငယ်များဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးနှစ်ကောင်ဒဏ်ရာအပြင်းစားထိတယ်လို့ သတင်းရရှိထားပါတယ်။ ထိခိုက်ပျက်စီးမှုတော့မသိရပါဘူး။ခန့်မှန်းကတော့ နှစ်ကောင် သေတယ်လို့ သိရပါတယ်။ ပြည်သူတွေ စကစတပ်တွေနဲ့ အနီးဆုံးနေရာမှာ ရှိမနေဖို့ပြောချင်ပါတယ်” ဟု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပခူက္ကူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညပိုင်းမှစတင်ပြီး စစ်တပ်က စစ်တပ်က စစ်ကြောင်းများ ခွဲကာ ပခုက္ကူမြို့နယ်အတွင်းသို့ ဝင်ရောက်လာနေကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – အညာဒေသတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

“စစ်တပ်က အင်အား ၄၀၀ လောက် စစ်ကြောင်း ၃ ခု ခွဲပြီး ဝင်လာတယ်လို့ သတင်းတွေရတယ်။ ရှင်မကန်စခန်းကနေ ထွက်လာတာ။ မြို့က စစ်ကြောင်းတွေရော ပေါင်းပြီး လာကြတာ။ အခု သိရသလောက်တော့ စစ်ကြောင်းက ၃ ခု ခွဲပြီး တက်လာတယ်လို့ သိရတယ်။ ရွာတွေအားလုံးက ပြည်သူတွေ ထွက်ပြေးနေရတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article