27 C
Yangon

TNLA သိမ်းပိုက်ထားသော မိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ညနှင့် ယနေ့အထိ စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲပြန်

Must read

TNLA သိမ်းပိုက်ထားသော မိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ညနှင့် ယနေ့အထိ စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲပြန်

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်းတွင် TNLA သိမ်းပိုက်ထားသော မိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ညနှင့် ယနေ့အထိ စစ် တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ မေလ ၃ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် မိုးကုတ်မြို့နယ်၊ ဆင်ခွာတောရကျောင်းကို ဗုံးကျဲခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း ဗုံးကျဲမှုတွင် လူထိခိုက်မှုမရှိကြောင်း၊ ယနေ့နံနက်ပိုင်းဗုံးကျဲမှုတွင် အခြေအနေ အသေးစိတ် မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အခုက လေယာဉ်နဲ့ တောက်လျှောက်ကျဲနေတော့ အားလုံး မအိပ်ရဲ၊ မစားရဲ၊ မသွားရဲဖြစ်နေတယ်။ ကင်း ထောက်လေယာဉ်တွေ လည်း တောက်လျှောက်ပါပဲ” ဟု မိုးကုတ်မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

TNLA က သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာတွင်လည်း မေ လ ၃ ရက်နေ့ ည ၈ နာရီအချိန် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေး ၁ ဦး ထိခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကိုလည်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချခဲ့ရာ ဗုံး ၂ လုံးကွဲပြီး ဗုံး ၂ လုံး မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က မိုးကုတ်မြို့နယ်၊ အနောက် ပိုင်းရှိ ပြည်သူ များ နေထိုင်သော ကသဲရပ်ကွက်ထဲသို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ပန်းရံ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်၏ ကြားဝင် စွက် ဖက်မှုဖြင့် ပြု လုပ်သော TNLA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက် ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article