31 C
Yangon

ကသာထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ အတက်ရောဂါဖြင့် ကွယ်လွန်

Must read

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ကသာထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်း သား ကိုဟိဏ်းမင်းသူသည် အတက်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့ အသက် ၃၃ နှစ်အရွယ် ကိုဟိဏ်းမင်းသူသည် အတက်ရောဂါဖြင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပြီး ကိုဟိဏ်န်းမင်းသူကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မတရား ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၁၅ နှစ် စစ်တပ်က ချမှတ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊၅၂(က)၊ ၅၂(ခ)တို့ဖြင့် မတရားဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၅ နှစ် မတရားအကျဉ်းချခဲ့ကြောင်း၊ ကိုဟိဏ်းမင်းသူ သည် အကျဉ်းကျနေစဉ် အတက်ရောဂါဝေဒနာ ခံစားခဲ့ရသော်လည်း လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခွင့် မရရှိသည့်အတွက် ကွယ်လွန်ခဲ့ရကြောင်း သိရှိရသည်။

“အတက်ရောဂါဖြစ်ပြီးတော့ လုံးဝ သတိမေ့မြောနေတဲ့ အခြေအနေရောက်မှသာလျှင် ပြင်ပဆေးရုံတွေကို ပို့ ဆောင်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြင်ပဆေးရုံမှာ သေဆုံးခဲ့တယ်ဆိုတဲ့ ပုံစံမျိုး သဘောသက် ရောက်နေပေမယ့် ထောင်တွင်းမှာကတည်းက အသက်ဟာ မပါလာတဲ့ အခြေအနေမျိုးလောက်အထိကို ဖြစ်ခဲ့တယ်။ ဒါဟာ ထောင်တွင်းကျန်းမာရေးစောင့် ရှောက် မှု အညံ့ဖျင်းဆုံးအခြေအနေနဲ့ထောင်တွင်းကျန်းမာရေးစောင့် ရှောက်မှု လုံလောက်စွာ မရရှိခဲ့တဲ့ အခြေအနေကို ကျဆုံးသွား တဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်ချင်းစီတိုင်းက သက်သေပြနေရခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားအားလုံးအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူသည် CDM ကျောင်းဆရာတစ်ဦးဖြစ်ပြီး အင်းတော်မြို့တွင် နွေဦးတော်လှန်ရေးနှင့် စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article