ရန်ကုန်၊ မေ ၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းပေါ်တွင် ပျူစောထီး ၂ ဦးအရှင် ဖမ်း မိခဲ့ပြီး စစ်ဆေးနေစဉ် ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီး ရာ ၂ ဦးစလုံး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် မင်းလှမြို့နယ်၊ စိန်ကန့်လန့် -မြိုချောင်း ရိုးမဖြတ်ကျော်လမ်း၊ ပျဉ်းကတိုးခင်းကျေးရွာအနီးတွင် ဖောကားဖြင့် ရောက်ရှိလာသည့် မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်း ကျေးရွာနေ စစ်တပ်လက် အောက်ခံ ပျူစောထီး မြဇော်ဦး နှင့် ဒေါ်ယူပီကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရရှိ၍ စစ်ဆေးနေစဉ် စစ်တပ် စစ်ကြောင်း တက်လာသည့် သတင်း အရ တော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြောင်း၊ ထိုသို့ ပြင်ဆင်နေစဉ် ပျူစောထီး မြဇော်ဦးနှင့် ဒေါ်ယူ ပီ တို့က ထွက်ပြေးသွားကြသောကြောင့် လိုက်လံပစ်ခတ် ဖမ်းဆီးရာမှ ၂ ဦးစလုံး ကျည်ထိမှန် သေ ဆုံးသွားကြောင်း၊ ၄င်းတို့ထံမှ ဖောကား ၁ စီး၊ စစ်ကောင်စီတပ်သားများ နှင့် ဆက်သွယ်ပြောဆိုထား သည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ လက်စွပ် ၁ ကွင်းနှင့် နားကပ် ၁ ရံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
သေဆုံးသွားသော ပျူစောထီး မြဇော်ဦး နှင့် ဒေါ်ယူပီသည် စစ်သားများထံသို့ မမှန်သတင်းပေးကာ ပြည် သူများအား ဖမ်းဆီးခိုင်းခြင်း၊ စစ်ရှောင်ပြည်သူများ စိုက်ပျိုးထားသည့် သီးနှံများအပြင် နေအိမ်များကို စစ်ကောင်စီတပ်သားများနှင့် ပေါင်းကာ မတရား ဖျက်ဆီး ရယူခြင်း၊ စစ်ကောင်စီတပ်သားများ အား ရိက္ခာထောက်ပံ့ပေးခြင်း၊ စစ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ဖောကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးကြောင်း သိရှိရသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ အချက်အလက်များနှင့် စခန်းတည်နေရာများကို စစ်သားများထံသို့ သတင်းပေးပို့ခြင်းများ ပြုလုပ်နေသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့မ လုပ်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျးက အကြိမ် ကြိမ် ဖုန်းဆက်သတိပေးတားမြစ်ခဲ့သော် လည်း လိုက်နာခြင်းမရှိကြသူများဖြစ် ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
