35 C
Yangon

မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျစွာ အာမခံပေးရန် တရုတ်သမ္မတတောင်းဆိုမှု မင်းအောင်လှိုင်က အစွမ်းကုန် အာမခံပေးသွားမည်ဟု တုံ့ပြန်

Must read

မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျစွာ အာမခံပေးရန် တရုတ်သမ္မတတောင်းဆိုမှု မင်းအောင်လှိုင်က အစွမ်းကုန် အာမခံပေးသွားမည်ဟု တုံ့ပြန်

ရန်ကုန်၊ မေ ၁၀

မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျစွာ အာမခံ ပေးရန် တရုတ်သမ္မတရှီကျင့်ပင်က တောင်းဆိုလိုက်ပြီး အကြမ်းဖက် မင်းအောင်လှိုင်ကလည်း အစွမ်း ကုန် အာမခံပေးသွားမည်ဟု တုံ့ပြန်ပြောဆိုသည်။

ယမန်နေ့ တရုတ်သမ္မတနှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုကြခြင်းဖြစ်ကြောင်း တရုတ် ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြသည်။

တရုတ်သမ္မတက မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန်၊အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့် တိုက်ဖျက်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်ကုတရုတ်နိုင်ငံနှင့်ဆက်ဆံရေးအား များစွာ အလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသော ချစ် ကြည် ရင်းနှီးထိုက်သောအိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ စီးပွားကုန် သွယ်ရေး၊ စွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ဘေးကင်းလုံခြုံမှုအား အစွမ်းကုန် အာမခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်သည့် နှစ် ၈၀ ပြည့် ရင်ပြင်နီအောင်ပွဲ အခမ်း အနားသွားရောက်စဉ် တရုတ်သမ္မတနှင့် တွေ့ခွင့်ရရန် ရုရှား၏ အကူအညီဖြင့် ကြိုးပမ်းခဲ့ပြီးနောက် ယင်းသို့ တွေ့ဆုံပွဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရုရှားရောက် မင်းအောင်လှိုင်။

Photo- AFP။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article