မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အစိုးရအဆောက်အအုံနှင့်နေ အိမ် ၁၅ လုံးခန့်ပျက်စီး
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အစိုးရအဆောက်အအုံနှင့်နေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
မေလ ၉ ရက် ည ၁၀ နာရီ ၃၀ မိနစ်က မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ အနည်းငယ်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အစိုးရအဆောက် အအုံ နှင့် ပြည်သူ့နေအိမ် စုစုပေါင်း ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


