24.9 C
Yangon

မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိရပြီး နေအိမ် ၃ လုံး ပျက်စီး

Must read

မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိရပြီး နေအိမ် ၃ လုံး ပျက်စီး

ရန်ကုန်၊ မေ ၁၁

ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိရပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ စိုက်တန်းခင်ကျေးရွာထဲကို ကျ‌ရောက် ပေါက်ကွဲခဲ့ပြီး ဦးမင်းလွင်၊ မအိအိဖြိုး နှင့် မသိပ် တို့၏ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

ယင်းနေ့တွင် ညနေ ၃နာရီ ၁၃ မိနစ် အချိန်ခန့်တွင် ခမရ−၃၀၇တပ် မှ ဟောင်ဝှစ်ဇာလက်နက်ကြီး ၁ လုံး ပစ်ခတ်ရာ စိုက်တန်းခင်ကျေးရွာထဲသိုထပ်မံ ကျရောက်‌ ပေါက်ကွဲပြီး အသက် ၇၀ နှစ်အရွယ် ဦးခင်ဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများ ဒရုန်းများ လေကြောင်းတို့မှ တိုက်ခိုက် လျှက်ရှိသောကြောင့် အရပ်သား ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်သေဆုံးမှုများ နေအိမ်ပျက်စီးမှုများနေ့စဥ်နေ့တိုင်း နီးပါ ဖြစ်ပေါ်လျှက်ရှိကာ ပြည်သူလူထုများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article