Khit Thit သတင်းဌာန၏ မေ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချ ခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦးအပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀ ဝန်းကျင်သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒီပဲယင်းမြို့နယ်မှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက ပြောပါတယ်။
တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်း ဌာနချုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ပုံအဟောင်းတွေနဲ့ လိမ်လည်ဝါဒဖြန့်နေတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဟိုင်းယုလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်တပ်သားတွေကို ဝင်ရောက် တိုက်ခိုက်စဉ် စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
