ရန်ကုန်၊ မေ ၁၅
စစ်ကိုင်းတိုင်း၊ ဝက်လက်နှင့်ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ နယ်၊ စခန်းသာကျေးရွာသို့ မန္တလေး၊ တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ ၂ ဦးသေဆုံးပြီး အခြားပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ လေယာဉ်နဲ့ လာကျဲချသွားတာ။ ရွာထဲကို” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချသွားခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ အဆိုပါ ဗုံးကျဲမှုမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက် ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



