ဒီကနေ့ မေ ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က သီလဝါဘက်စုံဆိပ်ကမ်းစီမံကိန်းကနေ ဂျပန်ရင်းနှီးမြုပ်နှံမှုတွေ ပြန်လည် ရုပ်သိမ်းတော့မယ်လို့ ကာမီဂုမိ Co., Ltd.၊ ဆူမီတိုမို Corporation နဲ့ Toyota ဆူရှိုတို့က တရားဝင် အသိပေးကြေညာလိုက်ပါတယ်။
- စစ်ကိုင်းတိုင်းမှာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လို့ ကလေးတွေသေဆုံးမှု အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်က စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
- ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သမကုန်းအနီး ချန်းရိ Adids ဖိနပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ၁၂,၀၀၀ ကျပ် တိုးမြှင့်ပေးရေးအတွက် အလုပ်သမား ၄၀၀၀ ခန့် ဆန္ဒပြခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
