ရန်ကုန်၊ မေ ၁၆
ထိုင်း-မြန်မာနယ်စပ်အနီးသို့ မြန်မာစစ်တပ်၏ K-8 တိုက်လေယာဉ် ပျံသန်းလာသဖြင့် ထိုင်းလေတပ်က F-16 လေယာဉ် ၂ စီး အရေးပေါ် စေလွှတ်ထားကြောင်း ထိုင်းတော်ဝင်လေတပ်က သတင်းထုတ်ပြန်သည်။
ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ နယ်စပ်အနီးသို့ မြန်မာဘက်မှ K-8 တိုက်လေယာဉ်တစ်စီး ချည်းကပ်လာသဖြင့် အရေးပေါ် အမိန့်ဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ F-16 တိုက်လေယာဉ် ၂ စီးစေလွှတ်လိုက်ကြောင်း ထိုင်းတော်ဝင်လေတပ်က ဆိုသည်။
မေလ ၆ ရက်နေ့ကလည်း မြန်မာစစ်ကောင်စီ၏ K-8 တိုက်လေယာဉ်သည် ထိုင်းလေပိုက်နက်အတွင်းသို့ နီးကပ်စွာ ပျံသန်းလာဖြင့် ထိုင်းလေတပ်က ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီသို့ F-16 တိုက်လေယာဉ် ၂ စီးကို စေ လွှတ် လိုက်ပြီး အိမ်နီးချင်းနိုင်ငံဘက်မှ ကျူးကျော်မလာစေရန် သတိပေးခဲ့ရသည်။
KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ မယ်လ၊ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
