28 C
Yangon

ကြို့ပင်ကောက်၊ ကွင်းချောင်းရွာမှ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျောက်ပန်းတောင်းတွင် ပျူစောထီးကို သေနတ် ၁ လက်နှင့် အတူ ဖမ်းမိ

Must read

ရန်ကုန်၊ မေ ၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ထွက်လာသော ပျူစောထီး များကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ တပ်ခွဲမှူး ရဲဘော်ကရင်လေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကွင်း ချောင်းရွာမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော စစ်သား၊ ပျူစောထီးများကို ကွင်းချောင်းကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ကွင်းချောင်းကျေးရွာအတွင်း ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ရွာထဲကနေ ထွက်လာတာပါ၊ အပြန်အလှန် ပစ်ခတ်တိုက် ပွဲက မိနစ် ၃၀ လောက်ကြာတယ်၊ သူတို့ဘက်က တစ်ယောက်ကျတယ်၊ ပြီးတော့ ပြန်ဆုတ်သွား တယ်၊ မနေ့က ညနေပိုင်းကပဲ ကြို့ပင်ကောက်မြို့ပေါ်ကနေ အလောင်းလာတင်သွားပြီးတော့ စစ် ကား ၃ စီးနဲ့ ကွင်းချောင်းရွာကို အင်အား ထပ်ဖြည့်ထားပါတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ တပ်ခွဲမှူး ရဲဘော်ကရင်လေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ -၁ Dragon Brothers (GBK – PDF) တပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့မေလ ၂၅ ရက်နေ့တွင် ကွင်းချောင်းကျေးရွာ ပျူစောထီးများနှင့် ထပ်ဖြည့်ထားသော စစ်သား များပူးပေါင်း အင်အား ၈၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင် ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးရွာပျူစောထီးဘိုဝင်းကို သေနတ် ၁ လက်နှင့် အတူ ဖမ်းမိခဲ့ကြောင်း မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ နဂါးနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၂ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်၊ ရေဆုံးကျေးရွာနေ ပြည်သူ့စစ်သင်တန်းဆင်း (ပျူစောထီး) ဘိုဝင်း ၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ပြီး ဘိုဝင်းကို နေအိမ်အတွင်းအရှင်ဖမ်းမိခဲ့ ပြီး ၎င်းနှင့်အပေါင်းပါ ပျူစောထီးများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့ကြောင့်နေအိမ် အတွင်း ရှာဖွေစစ်ဆေးခဲ့ရာ FO အမျိုးအစား သေနတ်တစ်လက်နှင့် ၇.၆၂ မမ ကျ၊ည် ၁၅ တောင့် ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အေးဆေးဖမ်းမိခဲ့တာတော့မဟုတ်ပါဘူး။ အလစ်ဝင်ဖမ်းတာဆိုတော့ အငိုက်မိသွားတဲ့ သဘောပါ၊ အိမ်ထဲမှာက သူနဲ့အပေါင်းပါတွေလည်းရှိနေတာ၊ အပေါင်းပါတွေကတော့ ထွက်ပြေးသွားတယ်၊ လက်ရှိ သူ့ကို စစ်ဆေးဖော် ထုတ်နေဆဲပါ၊ ပျူတွေအနေနဲ့ စကစနဲ့မပေါင်းပဲ တော်လှန်ရေးအဖွဲ့တွေ ထံ လက်နက်ချ ပူးပေါင်းဖို့ တိုက်တွန်းချင်ပါတယ်၊ ကျန်နေတဲ့သူတွေကို ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ နဂါးနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ လုပ်ဆောင်မှုကို မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မကွေးတိုင်း ပကဖ စစ် ကြောင်း – MLDC ၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် နတ်မောက်ပြည်သူ့ ကာ ကွယ်ရေးတပ်မ တော် – ၉၀၂ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article