ရန်ကုန်၊ မေ ၂၇
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုး စစ်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်နေရာများအား လုံးကို KNLA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တော့မည်ဖြစ်၍ ပြည်သူများ ထိုင်းဘက်သို့ တိမ်းရှောင်လာကြောင်း နယ်စပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယနေ့ မေလ ၂၇ ရက်နေ့ နံနက်ပိုင်း ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်အတွင်းရှိ သေ့ဘောဘိုး၊ဆုံဆည်းမြိုင်၊ဝေါလေဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA မဟာမိတ် တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ရန် စတင် လုပ်ဆောင်နေသည့်အတွက် ပြည်သူများမှာ ထိုင်းဘက်အခြမ်း မော်လီချိုင်း၊ဖုတ်ဖရ၊ ဆအိုကျေးရွာများဘက်သို့ သောင်ရင်းမြစ် ကမ်းကူးရှောင်တိမ်နေခြင်းဖြစ်သည်။
” တိုက်ပွဲက သေ့ဘောဘိုးနားကပ်နေပြီ။ ဆုံဆည်းမြိုင်ဘက်လည်းကပ်နေပြီ။ ဒရုန်းနဲ့ကျဲလိုက်၊စနိုက်ဘာထောက်ပစ်လိုက်။ လက်နက်ကြီးပစ်ထည့်လိုက် ဖြစ်နေပြီ။ မနေရဲတော့ဘူး။ မော်လီချိုင်းက အမျိုး တွေ ဘက်ကူးလာနေလိုက်တယ်။ တောင်နီကလူတွေ လည်း သူးမွဲခီးဘက်၊ဖုတ်ဖရဘက်ကူးကုန်ပြီ” ဟု ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။
မေလ ၂၃ ရက်နေ့ စစ်ကောင်စီ ဘလယ်ဒို စခန်းအား KNLA မဟာမိတ် ပူးပေါင်း တပ်များသိမ်းပိုက်ရရှိပြီးနောက်၊သေ့ဘောဘိုး၊ဆုံဆည်းမြိုင်၊ဥကရစ်ထ ၊ စစ်တပ်စခန်းများကို ပိတ်ဆို့ ဖြတ်တောက်ထားရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်မည့်အခြေအနေများကြောင့် ပြည်သူများက ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြခြင်းဖြစ် ကြောင်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ် ၂၄နာရီ လုံခြုံရေး ကင်းလှည့်နေပြီး အသင့်အနေအထား စစ်ရေး ပြင်ဆင်ထားကြောင်း သိရှီရသည်။
လက်ရှိကရင်ပြည်နယ်အတွင်း မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ် ၊ကျုံဒိုး၊ဖာပွန်၊သံတောင်ဒေသများတွင်အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။



