33 C
Yangon

သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

Must read

ရန်ကုန်၊ ဇွန် ၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ် တပ်က လေယာဉ် ဖြင့် ဗုံးကျဲချခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက် လာသော တိုက် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ သက်တော် ၆၇ နှစ်အရွယ်ရှိ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ရာရရှိခဲ့ကြောင်း သိရသည်။

“ပျံလွန်တော်မူတဲ့ဆရာတော်က သက်တော်က ၆၇ နှစ်၊ ဝါတော်ကတော့ မသိရဘူး။ သိမ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးသွားတယ်၊ ဗုံးကတော့ ၁ လုံးကျဲသွားတာ၊ ပေါင်ဘယ်လောက်ဗုံးလဲတော့ ခန်းမှန်းလို့ မရဘူး” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲ ကြေညာထားသော်လည်း ယင်းကြေညာချက်ကို ချိုးဖောက်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်၍ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ တူးထားကြရန် တော်လှန်ရေးတပ်ဖွဲ့က နှိုးဆော် ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article