ဒီကနေ့ ဇွန် ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်-မန္တလေး အမြန်လမ်းမှာ နမ့်စန်လေတပ်အတွက် လေယာဉ်ဆီ သယ် ဆောင်လာတဲ့ ဆီဘောက် ဆာကား ၁ စီးကို စစ်သား ၂ ဦးနှင့်အတူ တော် လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တယ်လို့ Aung San’s Land Natmauk ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မြန်မာနိုင်ငံကို ILO Article 33 နဲ့ အရေးယူမယ့်ကိစ္စဟာ တစ်စုံတစ်ရာ သက်ရောက်မှု မရှိနိုင်ဘူးဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် မယုံကြည်ကြောင်း ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင် မင်းကင်း မောင်မြင့်က စစ်တပ်လော်ဘီတယ်လီဂရန်ချန်နယ်တွေက တစ်ဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။
- ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ မီးခိုးမွှန် အသက်ရှုကြပ်ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
