31 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်အချိန် မြို့သာမြို့ ရဲစခန်း၌ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၅ လုံး ၊ ၄၀ မမ ၃ လုံးဖြင့် ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ၊ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အပြန်အလှန်တိုက်ပွဲက နာရီဝက်လောက်ပဲ ဖြစ်ခဲ့တာ။ လက်နက်ကြီး ၆၀ မမ ၅ လုံးထုတာက လည်း စခန်းထဲချည်းပဲ ကွက်တိ တည့်ကျတာ၊ စခန်းကို ဝင်တိုက်ပြီးတော့ စစ်ကူလာမယ့်စစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခဲ့သေးတယ်၊ ပြီးတော့ ငါန်းဇွန်ဘက်ကလည်း စစ်ကူတက်လာတယ်ကြားတာရယ်၊ ကျနော်တို့ ဘက်က အင်အားကလည်း နည်းတာရယ်ကြောင့် ပြန်ဆုတ်လာတာပါ၊ စခ ၁ ဦးသေတယ်၊ ၄ ဦး အ ပြင်း အထန်ဒဏ်ရာရတယ်၊ အဲဒီ အပြင်း အထန် ဒဏ်ရာရတဲ့ ၄ ဦးကလည်း သေတယ်၊ မသေဘူး တော့ မသိရသေးဘူး။ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ် သိရတယ်။ သေရင်လည်း စခန်း ဝင်ထဲမှာ ပဲမြေမြှုပ်ပစ် လိုက်တာဆိုတော့ သိရဖို့ကတော့ ခက်ခဲတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ်(၃)နဂါးနီပြောက်ကျား ပြည့်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ Sintgaing Revolution Force-SRF ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ အနီး သွားလာရာတွင် သတိပြုနေထိုင်ကြရန်၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ လုံခြုံရေး တာဝန်မယူနိုင်ကြောင်း၊ မန္တလေး-မြင်းခြံလမ်းပိုင်း နှင့် ငါန်းဇွန်-မြို့သာ လမ်းပိုင်းကိုလည်း ည ၉ နာရီမှ နံနက် ၄ နာရီအချိန်အထိ ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူက သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article