31 C
Yangon

ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ရခိုင်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း အင်အားအသင့် အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့

Must read

ရန်ကုန်၊ ဇွန် ၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး၊ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့ အနောက်ဘက် ၇၆ ကီလိုမီတာအကွာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ငလျင်စောင့်ကြည့်ရေးဘူမိဒေသအဖွဲ့- USGS က သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၉ ရက်နေ့၊ နံနက် ၉ နာရီ ၄၄ မိနစ်အချိန် ရခိုင်ပြည်နယ်၊သံတွဲမြို့အနီး ဧရာ၀တီတိုင်း၊ မြန်အောင်မြို့၏ အနောက်ဘက် ၇၆ ကီလိုမီတာအကွာ မြေအောက်အနက် ၅၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၉ အဆင့်ဖြင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း USGS က သတင်းထုတ်ပြန်ထားသည်။

ယနေ့ သံတွဲမြို့အနီး လှုပ်ခတ်သော ငလျင်ကြောင့် ရခိုင်ဒေသတွင် သိသိသာသာ ခံစားရမှုမရှိကြောင်း စစ်တွေမြို့မှ ဒေသပြည်သူတချို့က ပြောဆိုသည်။

“ငလျင်လှုပ်တာတော့ မသိလိုက်ဘူး။ တစ်ခါမှတော့ ငလျင်ခပ်ကြီးကြီး လှုပ်တာမျိုးတော့ မကြုံဖူးသေးဘူး” ဟု စစ်တွေမြို့မှ အသက် ၃၂ နှစ်အရွယ် အခြေခံပညာအလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့၏အရှေ့ – အရှေ့တောင်ဘက် ၁၂၉ ကီလိုမီတာအကွာ၊ ရမ်းဗြဲကျွန်းအနီးပင်လယ်ရေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ သမ ၃ အဆင့်ဖြင့် အင်အားအသင့်အတင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article