28 C
Yangon

ဆီဆိုင်မြို့နယ်မှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်းထုတ်ပြီး မွေတော်ဘုရားဝင်းအတွင်းတွင် ထိန်းသိမ်းထား

Must read

ရန်ကုန်၊ ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂ ခုအတွင်းမှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်း ထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း PNLA သတင်းနှင့် ပြန်ကြား ရေးဌာန သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့ ဆီဆိုင်မြို့နယ် ၊နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်ထော် ၆ ရွာ ၊ က လားလမ်ရွာတို့တွင် နေထိုင်သည့် ပြည်သူ ၆၀၀၀ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားကာ ကျေးရွာအတွင်းမှ အပြီးထွက်ခွာကြရန် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်းထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။

သူတို့စာအရဆိုရင် ပြည်သူလူထုက စစ်ဘေးဒဏ်မခံချင်လို့ စစ်ဘေးရှောင်စခန်းသွားနေတာတို့ တောင်ယာထဲသွားနေတာတွေကိုလည်း သူတို့မပေးလိုဘူး၊ အဲဒီမွေတော်ဘုရားဝိုင်းထဲကိုအကုန် လုံးသွားစုရမယ်ဆိုတဲ့ အမိန့်မျိုးပေးလာတာဖြစ်ပါတယ်။ ဒါက ကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထု အားလုံးကို ဖမ်းပြီးတော့ ထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ PNO အနေနဲ့က ဒါကို ပြန်စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းကစတင်တည်ထောင်ခါကစတည်းက လူထုရဲ့ ထမင်း နဲ့ကြီးထွားလာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့၊ အခုကျတော့ ခရိုနီနွေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်း ကိုယ့်ပအိုဝ်းလူမျိုးကို ဒီလိုမောင်းထုတ်နေရတာ၊ ပြန်ဖမ်းနေရတာ လုပ်ရက်ကြ သ လား၊ လိပ်ပြာလုံရဲ့လားဆိုတာ ကိုယ့်ဘာသာကို ပြန်မေးဖို့လိုပါတယ်။” ဟု PNLA သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူခွန်းရိန်းယံက ပြောဆိုသည်။

ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွာပြီးနောက် တောင်ယာနှင့် စစ်ဘေးရှောင်စခန်းများ၌ သွား ရောက်ခြင်းနေထိုင်ခြင်း မပြုဘဲ ၎င်းတို့ထိန်းချုပ်ထားရာ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာရှိ မွေတော် ဘုရားဝန်းအတွင်းတွင်သာ နေထိုင်ရမည်ဖြစ်ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တွင် အပြီးထွက်ခွာခြင်းမပြုသူ များကို တာဝန်ယူမည်မဟုတ်ဟု ကျေးရွာများသို့ ပေးပို့စာတွင် ဖော်ပြထားကြောင်း သိရသည်။

“သူတို့ PNO ကလည်း စစတုန်းက ပြည်သူလူထုကြားကနေ ပေါက်ဖွားလာခဲ့တာပါ ။ အခုလုပ်ရပ်က လူထုထောင်နဲ့ချီကို ဖမ်းလိုက်တဲ့သဘောပဲဗျ။ အခုတော့ စစ်တပ်ကို ကာကွယ်ရင်း ကိုယ်ကျိုးစီးပွား အတွက်နဲ့ ပအိုဝ်းလူထုကို ပြန်မောင်းထုတ်တဲ့အဖွဲ့ဖြစ်နေပြီ။ လူထုကို ကျေးဇူးကန်းနေပြီ” ဟု ဒေသ နေပြည်သူ တစ်ဦးကပြောကြားသည်။

PNO ပြည်သူ့စစ်များ မောင်းထုတ်ခဲ့သည့် ကျေးရွာအချို့မှာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား သည့် ကျေးရွာအချို့ပါပြီး အချို့မှာ PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့် ကျေးရွာလည်းပါဝင် ကြောင်း၊ အကြောင်း ကြားစာပေးပို့ပြီးနောက် အချို့ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

ဦးအောင်ခမ်းထီ ဖွဲ့စည်းထူထောင်ထားသော PNO အဖွဲ့သည် ၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ PNO/PNA အသွင်ပြောင်း ပြည်သူ့စစ်အနေဖြင့် ပြည်သူ့စစ်ပြောင်းလဲခဲ့သည်။

ဓာတ်ပုံ – စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article