ဒီကနေ့ ဇွန် ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြည်တွင်းစီးပွားရေးစျေးကွက်မှာ ရွှေစျေးနဲ့ ဒေါ်လာစျေး ပြန်လည်မြင့်တက်လာချိန် စျေးကစားသူတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန် ခြိမ်းခြောက်လာပြန်ပါတယ်။
- ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး ခေါ် ဦးဇော်နှစ် ဟာ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါဝေဒနာတို့ကြောင့် ကွယ်လွန်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရးအကျဉ်းသားများကွန်ရက် (PPNM) ဆီက သိရပါတယ်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ စုစည်းနေတဲ့ စစ်တပ်ကို KIA က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ပန်းသပိတ်နဲ့ အင်္ကျီပြာလှုပ်ရှားမှုမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က တိုက်တွန်းတောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
