25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီက သူ့လက်အောက်ခံ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့် နဲ့ အထက် ရာထူးတိုးဖို့ ရှိတဲ့ စစ်အရာရှိတွေရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေမှာ NLD ပါတီဝင်၊ PDF နဲ့ CDM ဝန်ထမ်းတွေကို ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရမယ်ဆိုပြီး စစ်တပ်ထဲမှာ ညွှန်ကြားချက် ထုတ်ထားပြန်တယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မွန်ပြည်နယ်၊သထုံမြို့နယ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်မောင်းနှင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ဦးဝင်းဇော်ဦး ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွနဲ့ ရဲတွေက ရိုက်သတ်လိုက်ပြီး သေဆုံးသူ ရုပ်အလောင်းမှာ တစ်ကိုယ်လုံးဒဏ်ရာအပြည့်ရှိနေတယ်လို့ သေဆုံးသူနဲ့နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က စနွင်းကုန်း ကျေးရွာအနီးတဝိုက်မှာ KIA-PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေ တော်တော်ကို များနေသလို လေကြောင်းပစ်ကူတွေနဲ့ပါ အသည်းအသန်ခုခံနေရတာတောင် သူတို့စစ်သားတွေကို အသခံတိုက်ခိုင်းပြီး သေတွင်ထဲကို အတင်းတွန်းပို့နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article