ဒီကနေ့ ဇွန် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးသော နိုင်ငံ ရေးအခင်း အကျင်းဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကို စစ်ကောင်စီအနေနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
-အကြမ်းဖက် စစ်ကောင်စီက TNLA နဲ့တော်လှန်ရေးတပ်တွေ ပြင်ဉီးလွင်မြို့ကို လာမသိမ်းနိုင် အောင်ဆိုပြီး TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်သိမ်းဖို့ စစ်ကြောင်းတွေခွဲပြီး ဆက်တိုက် ထိုးစစ်ဆင်တာတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောထားသလို ဒေသခံပြည်သူ တွေကလည်း ပြောထားပါတယ်။
ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့က CPP ဓာတ်မြေဩဇာကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ် လင်မယား ၂ ဦးဟာ ပုသိမ်ကို သွားတဲ့လမ်းမှာ ရေမြောင်းအတွင်း ကားက ထိုးကျသွားပြီး လင်မယား ၂ ဦးစလုံး ရေမွန်းသေဆုံးသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
