27.4 C
Yangon

အီတလီနိုင်ငံ မီလန်မြို့ Piazza Duomo နှင့် အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Break Heart Reservation ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၁၉

အီတလီနိုင်ငံ မီလန်မြို့ Piazza Duomo ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ကို ဇွန်လ ၁၉ ရက်နေ့နေ့လယ် ၁ နာရီတွင် အီတလီရောက် မြန်မာအသိုင်းအဝိုင်းက ကျင်းပခဲ့ကြပြီး အသက် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းလှလှ ၈၀ ပွင့်ကို လူ ၈၀ ယောက်ထံ ဝေပေး၍ မွေးနေ့ဆုတောင်းနှင့် မေတ္တာပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ ပြည့် မွေးနေ့ အမှတ်တရလမ်းလျှောက်ပွဲကို အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Break Heart Reservation ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် မိနစ် ၈၀ လမ်းလျှောက်ကမ်ပိန်းကို Citizen of Burma Award- New England က ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကာ အဆိုပါလမ်းလျှောက်ပွဲတွင် ပန်းသပိတ်လှုပ်ရှားမှုကို ထောက်ခံသောအားဖြင့် ပန်းများပန်ဆင်ခြင်းများပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article