27.4 C
Yangon

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိထားသော ဓာတ်ပုံများ ထုတ်ပြန်လိုက်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ PLA အမျိုးသမီးရဲဘော်များပါ ပါဝင်တိုက်ခိုက်ဟု သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိထားသော ဓာတ်ပုံများ ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များနှင့်အတူ PLA အမျိုးသမီးရဲဘော်များပါ ပါဝင်တိုက်ခိုက်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဇွန်လ ၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ ဇွန်လ ၁၉ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှီရသည်။

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ တရစပ်ပေးခဲ့ပြီး အပြင်းအထန်ခုခံခဲ့ကြောင်း၊ ဇွန်လ ၂ ရက်နေ့မှ စခန်းသိမ်းနိုင်သည့် ဇွန်လ ၁၉ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၅၀၀ ကျော် ကျဲချခဲ့ကြောင်း၊ ဂျက်ဖိုက်တာများ၊ Y12 ဗုံးကြဲလေယာဉ်များအပါအဝင် Mi35 တို-က်ခိုက်ရေးရဟတ်ယာဉ်နှင့် စက်တပ်လေထီးများဖြင့်လည်း လာရောက်တို-က်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန် တိုက်ပွဲသို့ လေ ကြောင်းပစ်ကူ လာပေးသော စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချနိုင်ခဲ့ပြီး လေယာဉ်ပျက်ကျသွားကာ လေယာဉ်မှူးလည်း ‌ေ-သဆုံးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ကန်ဒေါင့် ရဲစခန်းမကျရေးအတွက် လေကြောင်းပစ်ကူ အမြောက်အမြားအပြင် မြေပြင်စစ်ကူစစ်ကြောင်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများလည်း ပေးပို့ခဲ့ကြောင်း၊ အဓိကအားဖြင့် ကန့်ဒေါင့်ကျေးရွာနှင့် ၃ မိုင်ခွဲခန့်ကွာဝေးသော စစ်ကောင်စီပြည်သူ့စစ် (ပျူစောထီး) များ အခြေစိုက်ရာ အင်မထီးရွာသို့ Mi17 ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ် စစ်ကူပို့ခဲ့ကြောင်း၊ အင်မထီးရွာမှ ထွက်လာသော ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်-ခိုက်ဖြတ်တောက်ထားနိုင်သဖြင့် ကန့်ဒေါင့်သို့ စစ်ကူများမရောက်နိုင်ဘဲ ရှိနေခဲ့ကြောင်း သိရှိရသည်။

ကန့်ဒေါင့်ရဲစခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများမှာလည်း စစ်ကူလာသည့်အချိန်တိုင်း တပ်လန်ကျခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းမှ Y12 လေယာဉ် ဖြင့် ကန့်ဒေါင့်ရဲစခန်းသို့ ရိက္ခာထုတ်များ၊ ခဲယမ်းများ ချပေးခဲ့သော်လည်း စစ်ကောင်စီစစ်သားများက လာရောက်ယူဆောင်ချိန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များက ပစ်ခတ်ဟန့်တားသဖြင့် ရိက္ခာထုပ်များ၊ ခဲယမ်းထုပ်များ စခန်းထဲသို့ မရောက်နိုင်ခဲ့ပေ။

ယခု သိမ်းပိုက်ရရှိသော ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင် တည်ရှိပြီး ယင်းလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာ ဖြစ်ကြောင်း၊ ထို့အပြင် ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိကြောင်း သိရှိရသည်။

ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်းကွင်းများ၊ ကတုပ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတခု ဖြစ်ကြောင်း၊ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမျိုးသမီးရဲဘော်များလည်း ရွပ်ရွပ်ချွံချွံ ပါဝင်ကာ တိုက်ပွဲဝင်ခဲ့ကြောင်း သိရှိရသည်။

ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သိမ်းပိုက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မ တော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက် ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့ကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article