25.8 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ် ကြီး ၁ ဦး နှင့် တပည့် ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်တို့ဟာ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေး ဖောက်ပြန်မှု တွေနဲ့ ဖမ်းဆီးခံထားရတာ ကြောင့် ရာထူးတက်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

ဧရာ၀တီတိုင်း၊ ကြံ့ခင်းမြို့နယ်မှာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင်က ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီး ငွေညှစ်မှုတွေ ဆက်တိုက် လုပ်ဆောင် နေတယ်လို့ ဖမ်းဆီးငွေညှစ်ခံရတဲ့ ပြည်သူတွေရဲ့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာရှိတဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ယာဉ်တန်း ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာမှာတော့ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article