27.4 C
Yangon

ပုလောမြို့နယ်တွင် တပ်ကြပ်ကြီး အကူစာရေး နှင့် ဒုတပ်ကြပ် အပါအဝင် စစ်မှုထမ်း တပ်သား ၆ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် တပ်ကြပ်ကြီး အကူစာရေးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်မှုထမ်း တပ်သား သစ် ၆ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ဘုတ်ခြံအခြေစိုက် ခလရ (၁၇) မှ တပ်ကြပ်ကြီး အကူစာရေးနှင့် ဒုတပ်ကြပ် တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၅ နယ်မြေ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-1 ရိုင်ဖယ် သေနတ် ၁ လက်၊ MA-2 စက်ကလေး ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ M-14 နင်းမိုင်း ၁ ခု၊ ကျည်ဘောက် ၁၅ ခု၊ ကပစထုတ် ၅.၅၆ ကျည် ၇၉ဝ တောင့် ယူဆောင်လာခဲ့ကြောင်း၊ ယင်း စစ်ကောင်စီ တပ်သား ၂ ဦးသည် ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် ၂ အဖြစ် အတင်းအဓမ္မစုဆောင်းခြင်း ခံခဲ့ရပြီး ခလရ ၁၇ ၌ တာဝန်ချခံထားရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပလောက်မြို့ အခြေစိုက် တိုင်းဗဟို ၁၂ ၌ စစ်မှုထမ်း တပ်သားသစ် အဖြစ် အတင်းအဓမ္မစုဆောင်းခံရသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် စစ်သင်တန်း မပြီးဆုံးခင် ထွက်ပြေးလာပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။

“ပလောက်မြို့ အခြေစိုက် တိုင်းဗဟို ၁၂ ကနေ သင်တန်းသား ၄ ဦး က ထွက်ပြေးလာတာပါ။ သင်တန်း မပြီးခင် ပြေးလာတာ ကျနော်တို့ တပ်ရင်းကို စစ်ကောင်စီရဲ့ လက်အောက်ကနေ ရုန်းထွက်လာမယ့် မည်သည့် ဝန်ထမ်းမဆို ကျနော်တို့ဘက်က အမြဲလက်ကမ်းထားပါတယ် ရုန်းထွက်ကြပါလို့ ပြောချင်တယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများကို ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားရှိပြီး လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် စစ်အောက်စီ လက်အောက်မှ ရုန်းထွက်လာမည့် မည်သူကိုမဆို အမြဲလက်ကမ်း ကြိုဆိုလျက်ရှိကြောင်း၊ ထိုကြောင့် စစ်ကောင်စီတပ်အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိတာဝန်ထမ်းဆောင်နေရသူများ အနေဖြင့် သတ္တိမွေး၍ ရုန်းထွက်ကြရန် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article