25.3 C
Yangon

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်က မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားတင်ပို့မှု တင်ပို့မှု ၂ ဆနီးပါး တိုးလာနေပြီး တရုတ်အပေါ် မှီခိုနေရမှု ကြီးထွားလာနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံက အာဆီယံနိုင်ငံများသို့ လျှပ်စစ်ဓာတ်အား တင်ပို့မှု ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့မှုမှာ ယခုနှစ် ပထမ ၅ လအတွင်း ၂ ဆနီးပါး တိုးမြင့်လာကြောင်း တရုတ်အကောက်ခွန်အချက်အလက်များကို ကိုးကား၍ IndexBox သတင်းဖော်ပြချက် အရ သိရှိရသည်။

တရုတ်နိုင်ငံ၏ အာဆီယံဒေသသို့ လျှပ်စစ်ဓာတ်အား တင်ပို့မှု တိုးတက်လာရာတွင် မြန်မာနိုင်ငံက အဓိက ဦးဆောင်နေပြီး ယခုနှစ် ပထမ ၅ လအတွင်း တရုတ်မှ မြန်မာသို့ လျှပ်စစ်တင်ပို့မှုမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂ ဆနီးပါး မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၂ ဒသမ ၃၉ ဘီလီယံ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ လူတာလျန်က အဆိုပါ လျှပ်စစ်ဓာတ်အားတင်ပို့မှုများသည် အာဆီယံဒေသအတွင်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝကို အထောက်အကူဖြစ်စေခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ထို့ပြင် ဇွန်လအတွင်း တရုတ်နိုင်ငံ၏ အာဆီယံသို့ ပို့ကုန်တင်ပို့မှုမှာလည်း ယခင်နှစ်ကာလတူထက် ၃၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အကောက်ခွန်အချက်အလက်များက ဖော်ပြထားသည်။

တရုတ်နှင့် အာဆီယံအကြား လျှပ်စစ်ဓာတ်အားအပါအဝင် ကြားခံကုန်ပစ္စည်းများ ကုန်သွယ်မှု မြင့်တက်လာခြင်းမှာ နှစ်ဖက်စက်မှုလုပ်ငန်းနှင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုနီးကပ်စွာ ချိတ်ဆက်လာခြင်းကြောင့်ဖြစ်ကြောင်း လူတာလျန်က ပြောဆိုသည်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နှင့် အာဆီယံအကြား ကြားခံကုန်ပစ္စည်း ကုန်သွယ်မှုမှာ ၂၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် တရုတ်ယွမ် ၂ ဒသမ ၈၆ ထရီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဟော်မုဇ်ရေလက်ကြားဝန်းကျင် တင်းမာမှုများကြောင့် အရှေ့တောင်အာရှနိုင်ငံများတွင် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား တင်ပို့မှု တိုးမြှင့်လာခြင်းက အိမ်နီးချင်းနိုင်ငံများအတွက် အပိုဆောင်းစွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာနေကြောင်း သုံးသပ်ထားသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံသို့ တရုတ်၏ လျှပ်စစ်ဓာတ်အားတင်ပို့မှု ၂ ဆနီးပါး တိုးမြင့်လာခြင်းက ဒေသတွင်း စွမ်းအင်ပေးသွင်းသူအဖြစ် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာနေမှုကို ထင်ဟပ်စေကြောင်း၊ မြန်မာအနေဖြင့် တရုတ်အပေါ် မှီခိုနေရမှု အခန်းကဏ္ဍကြီးမားလာနေကြောင်း သတင်းက ဆိုသည်။

ဓာတ်ပုံ- တရုတ်-မြန်မာနယ်စပ်။ Photo- AFP။

Chinese border police guards keep watch as migrant workers return from China at the Myanmar border gate in Muse in Shan state on May 12, 2020. – Hundreds of migrant workers, who had been trapped in China as a result of the COVID-19 novel coronavirus pandemic, have been steadily returning to Myanmar. (Photo by Phyo Maung Maung / AFP)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article