26.6 C
Yangon

ကမ္မမြို့တွင် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇွန် ၂၇

မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကံမ္မမြို့တွင်း ပြည်သူပိုင်နေအိမ်များ အတွင်းမှ ပစ္စည်းများအား လိုက်လံခိုးယူတင်ဆောင်နေသော စစ်ကောင်စီကား ၂ စီးကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ကမ္မမြို့တွင်း တစ်နေရာတွင် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြို့ထဲမှာ ကား ၂ စီးနဲ့ ကင်းလှည့်ရင်း ပြည်သူပိုင်ပစ္စည်းတွေ လိုက်ခိုးနေတဲ့ စခတွေကို တိုက်ခိုက် ခဲ့တာ၊ အပြန် အလှန် ပစ်ခတ်မှု ၁၀ မိနစ်လောက်ကြာခဲ့ပါတယ်။ နောက်ထပ် ထပ်တိုး သေဆုံး ထိ ခိုက်မှုကတော့ မသိရသေးဘူး။ စစ်ကြောင်းက ပေါက်ဘက်ကို ဦးတည်ထွက်နေတာပါ။ ပြည်သူ တွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force (PPDF) ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အောင်ကျော် (RG) ၊ မြို့နယ် ပလဖ ၊ Tiger Warrior Force (TWF) ၊ အညာမြေပြောက် ကျားတပ် ဖွဲ့ (ကိုဇော်မိုက်) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့ (YGF) တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လဆန်းပိုင်းမှစ၍ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့နယ်ဘက်သို့ ဦးတည် အင်အား အလုံးအရင်းဖြင့် ထွက်လာသော ရိက္ခာပို့စစ်ကြောင်းမှာ ကမ္မမြို့တွင်းသို့ ရောက်ရှိ လာခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် ကမ္မမြို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထိုသို့ ထွက်ပြေးတိမ်း ရှောင်နေရသည့် ပြည်သူပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်း များကို လုယက်ခိုးယူများ လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက် ခိုက်လျက်ရှိရာ စစ်တပ်စစ်ကြောင်းမှာ လိုရာခရီးသို့ ရောက်ရှိနိုင်ခြင်းမရှိသဖြင့် စစ်ကြောင်းထွက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ကျဲတိုက်ခိုက်များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article