ဒီကနေ့ ဇွန် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ စီးပွားရေးမှာ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံအထိ ဆုံးရှုံးခဲ့ရပြီး စစ်အသုံးစရိတ် ဦးစားပေးသုံးစွဲမှုကြောင့် နိုင်ငံရဲ့ ကြွေးမြီ ၆၂ ရာခိုင်နှုန်းအထိ တိုးလာပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ထိုးစစ်ဆင်နေပြန်တဲ့ အတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က သီဟသူရဘွဲ့ရ ဗိုလ်မှူးကြီး အေးမင်းအောင် ဆိုသူပါ ဒရုန်းဗုံး ထိမှန်ပြီးတော့ ပြင်းထန် ဒဏ်ရာနဲ့ နေပြည်တော်ကို ဆေးကုဖို့ အရေးပေါ် ပို့ထားကြတယ်လို့ DPLA တပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့က အင်းလျားကန်ဘောင်မှာ အသက် ၂၅ နှစ်အရွယ် မောင်မြတ်မင်းခန့် ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ပရဟိတနာရေးကားနဲ့ ခေါ်သွားတယ်လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
