ထိုင်းနိုင်ငံ၊ ချွန်ဘူရီတွင် မြန်မာနိုင်ငံသား ၁၀ ဦး အပါအဝင် နိုင်ငံခြားသား ၁၅ ဦးကို ကျည်တောင့်များနှင့်အတူ ဖမ်းဆီးရရှိ ကြောင်း Khaosod English က သတင်းဖော်ပြသည်။
ယနေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန (ACTPD)မှ ရဲတပ်ဖွဲ့ဝင်များ နှင့် အလုပ်သမား ဦးစီးဌာနတို့က ချွန်ဘူရီအတွင်းရှိ စက်ရုံများကို ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း နိုင်ငံခြားသား ၁၅ ဦးတို့ကို ကျည်ဆန်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသူများတွင် တရားဝင်နေထိုင်ခွင့်သက်သေခံစာရွက်စာတမ်းမရှိကြဘဲ ထွက်ပြေးရန် ကြိုးစားသူများလည်းရှိကြောင်း၊ အဆိုပါ နိုင်ငံခြားသား ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ချွန်ဘူရီခရိုင် ဘန်ဘောင်ရဲစခန်းသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရှိရသည်။


