ဒီကနေ့ ဇွန် ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့ကစတင်လို့ ဘယ်လာရုစ်နိုင်ငံကို ထွက်ခွာခဲ့ပေမယ့် အဲ့ဒီလို ထွက်ခွာချိန်မှာ သူ့မိန်းမ ကြူကြူလှ ကို မမြင်တွေ့ရဘဲ ဇွန်လ ၂၈ ရက်နေ့ ရုရှားနိုင်ငံကို ရောက်ရှိချိန်မှာတော့ မင်းအောင် လှိုင်က မိန်းမ ကြူကြူလှနှင့်အတူ လင်စုံမယားဖက် နှစ်ကိုယ်တူပွဲထွက်လာပါတယ်။
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်က ၄ ဦးသေဆုံးကာ ၄ ဦး အရှင်ဖမ်းဆီး ရရှိခဲ့တဲ့အပြင် လက်နက် ၆ လက်နှင့် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး သတင်း ရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ချင်းပြည်နယ်ဘက်က တိုက်ပွဲသတင်းမှာတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်တပ် ကာကင်းစခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာမှာ စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
